ကလေး ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ တောင်ဖီလာတောင်ပတ်လည်ရှိ ကျောင်းသင်္ခမ်းများတွင် တရားဘာဝနာများကျင့်ကြံ အားထုတ်နေကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးကျောင်း များထံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များကို လုလင်ငယ်လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များစုပေါင်း၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
တောင်ဖီလာတောင်တွင် တောင်ဖီလာတောရစာသင်တိုက်နှင့် တရားဘာဝနာကျင့်ကြံပွားများ အားထုတ်နေကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များစွာတို့ သီတင်းသုံးနေထိုင်ကြပြီး တပည့်ဒါယိကာ၊ ဒါယိကာမများအနေဖြင့် ဆွမ်းကွမ်းစားသောက်ရေး ဝေယျာဝစ္စကိစ္စများ အထောက်အကူဖြစ်စေရန် မိမိတို့သက်ဆိုင်ရာကျောင်းများကို ယခုကဲ့သို့သော လာရောက်လှူဒါန်းမှူများအတွက် ကျေးဇူးတင်ဝမ်းမြောက် လျက်ရှိကြောင်း လုလင်ငယ်လူမှုကူညီရေးအသင်းအဖွဲ့ထံမှသိရသည်။
မောင်ကျော် (ပြန်/ဆက်)