သတင်းများ

ဘိုက‌လေးမြို့နယ် အထောက်အကူပြုကော်မတီမှ မြို့ပေါ်တွင်သာမက တိုက်နယ်ဆေးရုံများအတွက်ပါ အောက်ဆီဂျင်များ လှူဒါန်းပေးလျက်ရှိ
Aug 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နေသည့် ကာလအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာများ လိုအပ် သည့် အောက်ဆီဂျင်များ ရရှိရေးအတွက် မြို့နယ်အထောက်အကူပြု ကော်မတီ အနေဖြင့် အောက်ဆီဂျင်စင်တာအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အအသင်း၌ ဖွင့်လှစ်ကာ ဘိုကလေးမြို့ပေါ်နှင့် တိုက်နယ်ဆေးရုံ များတွင် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များအား ထောက်ပံ့ကူညီလျက်ရှိသည်။
ကျောက်ဆည်ခရိုင်တွင် ချည်မျှင်ရည်ဝါစိုက်ဧက(၅၃၄၀)ဧက စိုက်ပျိုးပြီးစီး
Aug 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ခရိုင်အတွင်း၌ မိုးရာသီချည်မျှင်ရှည်ဝါစိုက်ဧက (၅၈၇၀)ဧက စိုက်ပျိုးရန်လျာထားစိုက်ပျိုးခဲ့ရာ ဩဂုတ်လ(၂၃)ရက်နေ့တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၅၃၄၀)ဧက စိုက်ပျိုး ပြီးစီးကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ  ရေပိုလွှဲမှ ရေကျော်နေမှု တစ်ဖြည်းဖြည်း လျော့နည်းလာ
Aug 23,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက်  ရေပိုလွှဲမှ ရေကျော်နေမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာနေကြောင်း  အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၁)ဦး ထပ်တိုးတွေ့ရှိပြီး ရောဂါသက်သာပျောက်ကင်းသူ လူနာ(၁၁)ဦး ဆေးရုံမှထပ်မံဆင်းခွင့်ရ
Aug 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူလူနာ (၁) ဦး ထပ်တိုးတွေ့ရှိပြီး ရောဂါသက်သာပျောက်ကင်းသူ လူနာ(၁၁)ဦးမှာ  ဆေးရုံမှ ထပ်မံဆင်းခွင့် ရကြောင်း သိရသည်။
မိုင်းနောင်မြို့အတွင်းရှိ ဝမ်စိမ်းကျေးရွာအုပ်စုသို့ (Mask Campaign) သွားရောက်ဆောင်ရွက်
Aug 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းအဖြစ် Mask Campaign ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ ကြသည်။
တာချီလိတ်ခရိုင်အတွင်းရှိ အများပြည်သူများ ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ သိရှိလိုသည် များအား မေးမြန်းစုံစမ်းနိုင်ရန်အတွက် Call Center များ ဖွင့်လှစ်ထားရှိ
Aug 23,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဉပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဉီးစီးဌာနရုံးများတွင် မေလ(၃)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငဖဲမြို့ မိုးကုပ်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 23,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တွင် ကိုဗစ်-၁၉ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများ ဆွမ်းဆန်တော်များ ပြတ်လပ်မှုမရှိစေရေးအတွက် အမှတ်(၉၀၅) အမြှောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ပဒါန်းတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးသန့်၊ အမှတ်(၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံမှ ဗိုလ်မှူးကြီး အောင်ဆန်းဦးနှင့်အဖွဲ့မှ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိ မိုးကုပ်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စား သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပင်စင်လစာငွေများ ထုတ်ပေး
Aug 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စားသက်ကြီးဘိုးဘွား မိဘပြည်သူများအတွက် ပင်စင်လစာငွေများကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၆ နာရီခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။