မင်္ဂလာဒုံမြို့နယ်၌ ဘုန်းတော်ကြီးကျောင်း၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းနှင့် အိမ်ထောင်စု (၁၀၀၀)စုတို့အတွက် ကာလဒါနလှူဒါန်း
Aug 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ရေးနှင့်ကုသရေး အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်ရေးနှင့် ကုသရေး မြို့နယ်အထောက်အကူပြုအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်၁၉-ရောဂါ ကြောင့် သေဆုံးသွားသော မိသားစုဝင်များ၏လူမှုရေး ၊စီးပွားရေး ၊ကျန်းမာရေး ၊မိသားစုဝင်များစားဝတ်နေရေးနှင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိသောရပ်ကွက်များကို ကြိုတင်စာရင်းကောက်ယူပြီးကာလဒါန အလှူရှင်များကိုဖိတ်ကြား၍ လှူဒါန်းလျှက်ရှိရာ ယနေ့ နံနက်(၇)နာရီက ဘုန်းတော်ကြီးကျောင်း (၄၈၁) ကျောင်း၊သာသနာ့နွယ်ဝင်သီလရှင်ကျောင်း (၆၆၁)ကျောင်းနှင့် အိမ်ထောင်စုဝင် (၁၀၀၀) ကို အခြေခံစားသောက် ကုန်(၅)မျိုး ဆန်၊ဆီ၊ကြက်ဥ၊ခေါက်ဆွဲ၊ကြာဆံတို့ကို အလှူရှင်ကျော်ကုမ္ပဏီ ၊ရွှေစင်္ကြာမော်တော်ယဉ်လိုင်း၊ မင်္ဂလာဒုံရတနာ ဓါတ်ဆီဆိုင်တို့၏ ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် အိမ်များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။