သတင်းများ

တာချီလိတ်ခရိုင်အတွင်းရှိ အများပြည်သူများ ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ သိရှိလိုသည် များအား မေးမြန်းစုံစမ်းနိုင်ရန်အတွက် Call Center များ ဖွင့်လှစ်ထားရှိ
Aug 23,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဉပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဉီးစီးဌာနရုံးများတွင် မေလ(၃)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငဖဲမြို့ မိုးကုပ်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 23,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တွင် ကိုဗစ်-၁၉ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများ ဆွမ်းဆန်တော်များ ပြတ်လပ်မှုမရှိစေရေးအတွက် အမှတ်(၉၀၅) အမြှောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ပဒါန်းတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးသန့်၊ အမှတ်(၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံမှ ဗိုလ်မှူးကြီး အောင်ဆန်းဦးနှင့်အဖွဲ့မှ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိ မိုးကုပ်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စား သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပင်စင်လစာငွေများ ထုတ်ပေး
Aug 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စားသက်ကြီးဘိုးဘွား မိဘပြည်သူများအတွက် ပင်စင်လစာငွေများကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၆ နာရီခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen အိုးများအား ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်လျက်ရှိ
Aug 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သော ကိုဗစ်-၁၉ ရောဂါ positive လူနာများနှင့် ဆေးရုံတက်ရောက် ကုသနေသော အခြားရောဂါသည် လူနာများအား အဆင်ပြေလွယ်ကူစွာ အောက်ဆီဂျင်ပေး နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen အိုးများအား ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်နေမှုများကို ယမန်နေ့က မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအထောက်အကူပြု အဖွဲ့တို့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၈စင်တီမီတာ သာလိုတော့
Aug 23,2021
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်၂၃ ရက်၊နေ့လည် ၁၂နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၀၁၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၈ စင်တီမီတာလိုတော့ကြောင်းညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနထံကသိရ သည်။
တောင်ကုတ်မြို့နယ်၌အောက်ဆီဂျင်ထုတ်လုပ်မည့်စက်ရုံတည်ဆောက်လျက်ရှိ
Aug 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း၌  ဩဂုတ် ၁၀ရက်နေ့ ပန္နက်တင်ကာ တန်ဘိုးငွေကျပ်သိန်း(၁၅၀)ကျော် အကုန်အကျခံ၍ မြို့မိမြို့ဖ များက ဦးဆောင်ကာ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် တိုင်အမြင့်(၁၃)ပေ အကျယ်(၂၆)ပေ ပတ်လည် အုတ်ခုံအမြင့် (၅)ပေ သံတိုင် သံဖရိန် အုပ်ညှပ်သွပ်မိုး ဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံမှာ ယနေ့နံနက်က (၅၀%) ကျော်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ကလေးမြို့၌ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharn)များ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ဝန်ထမ်း (၄၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စုပေါင်းရုံး (OSS)တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။