တာချီလိတ်ခရိုင်အတွင်းရှိ အများပြည်သူများ ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ သိရှိလိုသည် များအား မေးမြန်းစုံစမ်းနိုင်ရန်အတွက် Call Center များ ဖွင့်လှစ်ထားရှိ

တာချီလိတ်   ဩဂုတ်   ၂၃

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဉပဒေအရ နိုင်ငံသားများအား  အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဉီးစီးဌာနရုံးများတွင် မေလ(၃)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် တာချီလိတ်ခရိုင်အတွင်းရှိ အများပြည်သူများအနေဖြင့်  ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား အဆင်ပြေစွာ မေးမြန်းစုံစမ်းနိုင်ရန်အတွက်  တာချီလိတ်မြို့နယ်တွင် ၀၉၄၄၄၀၄၇၆၈၁ ၊ ၀၉၄၂၃၆၉၂၂၉၇၊ မိုင်းယောင်းမြို့နယ်တွင် ၀၉၂၆၂၃၁၆၅၂၀၊ မိုင်းဖြတ်မြို့နယ်တွင် ၀၉၄၃၁၁၈၃၁၈ စသည့်  Call Center ဖုန်းနံပါတ်များ  ဖွင့်လှစ်ထားရှိ၍ ၎င်းဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)