Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သရက်ချောင်းမြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာ၊ မဟာသမယသုတ် တော်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာပြုလုပ်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ နှင့်ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီး အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာ၊ မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မတည်ငွေနှင့် မြို့ပေါ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ စုပေါင်း၍ ဆန်၊ ဆီများလှူဒါန်း
Aug 23,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင်း ဝါတွင်းကာလအတွင်း ရဟန်း၊ သာမဏေများ ဆွမ်းအခက်အခဲကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ ပေါက်တောမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆန်နှင့်ဆီများကို ယနေ့ နံနက်(၈)နာရီက ဆက်ကပ်လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်လစာငွေများအား ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ အေးချမ်းစွာထုတ်ပေးလျက်ရှိ
Aug 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)ပင်စင်လစာငွေများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ အေးချမ်းစွာဖြင့် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 23,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မိုးတွင်းကာလ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ပါ၀င်ကူညီသူများတွက် နံနက်စာနှင့်ဆေးထိုးလာသူများ ကိုအဟာဖြစ်မုန့်ထုပ်များ ကျန်းမာရေးအသိပညာ ပေးလက်ကမ်းစာစောင်များပေးဝေ
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်း မတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့၀င်များက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့်ကျန်းမာရေဌာန ဆရာဆရာမများ၊ ဆေးထိုးရာတွင်ပါ၀င်ကူညီကြသည့် ဘော်လန်တီယာများအတွက် နံနက်စာထမင်းဘူးများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးလာသူများကို အဟာဖြစ်မုန့်ထုပ် များနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစာင်များ ပေးဝေခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ(၇၇၄)ဦးအား မိုးရာသီသီးနှံ ဘဏ်ချေးငွေ ကျပ်(၇၈၂၈)သိန်းကျော် ယနေ့ထုတ်ချေးပြီး
Aug 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ(၄၆) ဦးအား မိုးစပါးချေးငွေ (၅၈၆ ဒဿမ ၅၀)ကျပ်သိန်းကို ကိုဗစ်-၁၉စည်းကမ်းချက်များ နှင့်အညီ ယနေ့ နေ့လယ်(၁၂)နာရီတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက်စေတနာ့ ဝန်ထမ်းအဖြစ်သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး ဝန်ထမ်းများအားချီးမြှင့် ထောက်ပံ့ငွေပေးအပ်
Aug 23,2021
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး(ကျိုင်းတုံ)၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသူများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 23,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက် သြဂုတ် ၂၂ ရက်တွင် ပူတာအိုသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23693
Page
23694
Page
23695
Page
23696
Current page
23697
Page
23698
Page
23699
Page
23700
Page
23701
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department