သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွက် စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး
Aug 23,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာရှိ မိုးစပါး ပေါ်ဆန်းရင် မျိုးသန့်၊မျိုးပွား၊ မျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်၊မျိုးစေ့ ထုတ်လုပ်ခြင်း ( RS to CS) မျိုးစေ့ထုတ်ဧက ၅၀ စိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်က ချောင်းဆုံ မြို့နယ်တွင်မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအားရှင်းလင်း တင်ပြမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်း၌ အခြေခံလိုအပ်ချက်ဖြစ်သည့် အထွက်နှုန်းကောင်းမွန်စေရန်အတွက်မျိုးကောင်း မျိုးသန့်ရရှိစေရေး၊ သဘာဝမြေဩဇာနဲ့ ဓါတ်မြေဩဇာများ ရရှိစေရေးနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများရရှိစေရေး ဆောင်ရွက် ပေးကြရန် လမ်းညွှန်မှာကြားသည်။
သရက်ချောင်းမြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာ၊ မဟာသမယသုတ် တော်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာပြုလုပ်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ နှင့်ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီး အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာ၊ မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မတည်ငွေနှင့် မြို့ပေါ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ စုပေါင်း၍ ဆန်၊ ဆီများလှူဒါန်း
Aug 23,2021
ရခိုင်ပြည်နယ်၊ ပေါက်‌တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင်း ဝါတွင်းကာလအတွင်း ရဟန်း၊ သာမဏေများ ဆွမ်းအခက်အခဲကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ ပေါက်တောမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆန်နှင့်ဆီများကို ယနေ့ နံနက်(၈)နာရီက ဆက်ကပ်လှူဒါန်းကြသည်။
ရွှေပြည်သာမြို့နယ်တွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်လစာငွေများအား ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ အေးချမ်းစွာထုတ်ပေးလျက်ရှိ
Aug 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)ပင်စင်လစာငွေများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ အေးချမ်းစွာဖြင့် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 23,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မိုးတွင်းကာလ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ပါ၀င်ကူညီသူများတွက် နံနက်စာနှင့်ဆေးထိုးလာသူများ ကိုအဟာဖြစ်မုန့်ထုပ်များ ကျန်းမာရေးအသိပညာ ပေးလက်ကမ်းစာစောင်များပေးဝေ
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်း မတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့၀င်များက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့်ကျန်းမာရေဌာန ဆရာဆရာမများ၊ ဆေးထိုးရာတွင်ပါ၀င်ကူညီကြသည့် ဘော်လန်တီယာများအတွက် နံနက်စာထမင်းဘူးများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးလာသူများကို အဟာဖြစ်မုန့်ထုပ် များနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစာင်များ ပေးဝေခဲ့ကြောင်းသိရသည်။