ဘိုက‌လေးမြို့နယ် အထောက်အကူပြုကော်မတီမှ မြို့ပေါ်တွင်သာမက တိုက်နယ်ဆေးရုံများအတွက်ပါ အောက်ဆီဂျင်များ လှူဒါန်းပေးလျက်ရှိ

ဘိုကလေး ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နေသည့် ကာလအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ လိုအပ် သည့် အောက်ဆီဂျင်များ ရရှိရေးအတွက် မြို့နယ်အထောက်အကူပြု ကော်မတီ အနေဖြင့် အောက်ဆီဂျင်စင်တာအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအအသင်း၌ ဖွင့်လှစ်ကာ ဘိုကလေးမြို့ပေါ်နှင့် တိုက်နယ်ဆေးရုံ များတွင် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များအား ထောက်ပံ့ကူညီလျက်ရှိသည်။

ဘိုကလေးမြို့နယ် အထောက်အကူပြုကော်မတီအနေဖြင့် အများပြည်သူများ၏ စုပေါင်းလှူဒါန်းမှု များဖြင့် အောက်ဆီဂျင်စင်တာ စတင်ဖွင့်လှစ်ကူညီခဲ့သည့် ဇူလိုင်လမှ စ၍ လက်ရှိအထိ ဘိုကလေး ကုတင်(၁၀၀)ဆေးရုံအတွက် အောက်ဆီဂျင်(၄၀)လီတာ (၄၃)လုံး၊ ဆေးရုံ တက်ရောက်နေသော ပြည်သူများအတွက် (၁၀)လီတာအိုးငယ်ပေါင်း(၈၀၀)ကျော်၊ ကမကလူတိုက်နယ်ဆေးရုံသို့ (၄၀) လီတာ (၇)လုံး၊ ကဒုံကနိ တိုက်နယ်ဆေးရုံ အတွက်(၄၀)လီတာ (၇)လုံး၊ ကြိမ်ချောင်းကြီး တိုက်နယ် ဆေးရုံအတွက် (၄၀)လီတာ (၁)လုံးနှင့် (၁၅)လီတာ (၂)လုံး ထောက်ပံ့ကူညီနိုင်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)