အမာ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူလူနာ (၁) ဦး ထပ်တိုးတွေ့ရှိပြီး ရောဂါသက်သာပျောက်ကင်းသူ လူနာ(၁၁)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့် ရကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာမှာ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ သမိန်ပုလဲကျေးရွာမှ အသက်(၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် နေမကောင်း၊ အနံ့မရရှိ၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသဖြင့် RDT tast kits ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့တွင် အမာမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူများမှာ အမာမြို့မ(၁)ရပ်ကွက်တွင်နေထိုင်သော အမျိုးသား(၂)ဦး၊ အမာမြို့(၂)ရပ်ကွက်မှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦး၊ အမာမြို့(၄)ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးတို့သည် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း၊ ၎င်းတို့အား မိမိတို့၏ နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
အမာမြို့အနေဖြင့် ယနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၁၀)ဦး၊ ဆေးရုံမှ ဆင်းခွင့် ရရှိသူ စုစုပေါင်း(၈၈)ဦး ရှိပြီဖြစ်ပြီး အမာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ထိ ဆေးကုသမှု ခံယူနေသော လူနာစုစုပေါင်း (၁၇) ဦး ရှိကြောင်း အမာမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အမာ (ပြန်/ဆက်)