Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Aug 23,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ အနော်ရထာ လမ်းမကြီးဘေး အမှတ်(၂၀)စျေးတွင် စျေးရောင်းသူ/ဝယ်သူများကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးဇင်မင်းအောင်နှင့် ကြက်ခြေ နီသူနာပြုတပ်ဖွဲ့ဝင်များက စျေးဆိုင်များ၊ စျေးဝယ်သူများအား Mask Campaign ကိုပြုလုပ် ဆောင်ရွက် ပေးခဲ့သည်။