ကျောက်ဆည်ခရိုင်တွင် ချည်မျှင်ရည်ဝါစိုက်ဧက(၅၃၄၀)ဧက စိုက်ပျိုးပြီးစီး

ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ခရိုင်အတွင်း၌ မိုးရာသီချည်မျှင်ရှည်ဝါစိုက်ဧက (၅၈၇၀)ဧက စိုက်ပျိုးရန်လျာထားစိုက်ပျိုးခဲ့ရာ ဩဂုတ်လ(၂၃)ရက်နေ့တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၅၃၄၀)ဧက စိုက်ပျိုး ပြီးစီးကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ဝါစိုက်တောင်သူများ ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးမြင့်မား ကာအထွက်နှုန်းကောင်းမွန်တိုးတက်စေရန်အတွက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ချည်မျှဉ်ရှည်ဝါမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ခရို်ငစိုက်ပျိုးရေးဦးစီးဌာဝန်ထမ်းများက ကျေးရွာများ ကွင်းဆင်း၍ နည်းပညာအကူအညီများပေးလျှက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်ခရိုင်အတွင်း၌ ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ(၂၈၇၀)ဧက၊ စဉ့်ကိုင်မြို့နယ် တွင်(၁၃၀၀) ဧက၊ မြစ်သားမြို့နယ်တွင်(၁၀၀၀)ဧက၊ တံတားဦးမြို့နယ်တွင်(၇၀၀)ဧက စုစုပေါင်း (၅၈၇၀) ဧက စိုက်ပျိုးရန်လျားထားခဲ့ရာ ကျောက်ဆည်မြို့နယ်တွင်(၂၈၈၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၃၀၀)ဧက၊ မြစ်သားမြို့နယ်တွင် (၁၀၀၀)ဧက၊ တံတားဦးမြို့နယ်တွင်(၁၆၀)ဧက၊ စုစုပေါင်း (၅၃၄၀)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြောပြ၍သိရှိရသည်။

 

သက်မောင်