သတင်းများ

ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး ပြည်သူများအား ဆန်တစ်ပြည် တစ်ထောင်ကျပ် နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေး
Aug 24,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့်၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်- ၁၉ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ ညနေပိုင်းက ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း စုစုပေါင်းဆန်အိတ် (၂၅)အိတ်အား မော်တော်ယာဉ် များဖြင့် ရပ်ကွက်/ ကျေးရွာအတွင်းသို့ လိုက်လံရောင်းချပေးခဲ့သည်။
တီးတိန်၌ကမ်းဟောက်အားကစားကွင်း ပွဲကြည့်စင်တည်ဆောက်မှုပြီးစီး
Aug 24,2021
 ချင်းပြည်နယ်၊ ဦတီးတိန်မြို့ စကောလမ်းရပ်ကွက်ရှိ ကမ်းဟောက်အားကစားကွင်းတွင် တည်ဆောက်လျက်ရှိသော ပွဲကြည့်စင်တည်ဆောက်ရေးလုပ်ငန်း ၁၀၀%ပြီးစီးကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့် မြေနေရာနှင့် စက်ပစ္စည်းများ ရောက်ရှိနေရာချထားမှုကြည့်ရှုစစ်ဆေး
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး စင်တာနှင့် အောက်ဆီဂျင်ထုတ်စက်ရုံတည် ဆောက်မည့်မြေနေရာနှင့် အောက်ဆီဂျင်စက်နှင့်  ဆက်စပ်ပစ္စည်းများရောက်ရှိနေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့ခံစေတနာရှင်များမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းခွင်သုံး ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Aug 24,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုများက ရောဂါ ထိန်းချုပ်မှု လုပ်ငန်းခွင်သုံး ပစ္စည်းများနှင့် အလှူငွေများ စဉ်ဆက်မပြတ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နတ်တလင်းမြို့အတွင်း ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Aug 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလ အတွင်း ပြည်သူများ ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး လူစည်းကားရာ နေရာတွင် ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီ
Aug 24,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ( ၄ ) ရပ်ကွက်ရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းဝန်းအတွင်း အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော်တည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စက်တင်ဘာလတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 24,2021
တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အထောက်အကူပစ္စည်းများအား ချင်းရွေဟော်မြို့မှ မန္တလေးမြို့ စက်မှု(၂) သို့ တင်ပို့ရန် လာရောက်သယ်ဆောင်
Aug 24,2021
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ပမှတင်သွင်းသည့် ကျန်းမာ‌ရေးသုံးပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ တာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့်  ရုံးချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။