မိုင်းနောင် သြဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းအဖြစ် Mask Campaign ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ မိုင်းနောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်း၊ ဝမ်စိမ်း တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာ အောင်ကျော်သူ၊ ဝမ်စိမ်းမီးသတ် ဦးစီးဌာနမှ ဒုတပ် ကြပ်စိုးဝင်းထိုက်တို့နှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ကျ ရပ်ကျေးစာရေးများနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးတပ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက စျေးဆိုင်များ၊ လမ်းမများတွင် သွားလာနေသော လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုကို ကာကွယ်၊ ထိန်းချုပ်ရန် အသိပညာပေးပြောကြားခြင်း၊ နေအိမ်ပြင်ပထွက်ခွာသည့် အချိန်တိုင်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန် အသိပေးရှင်းလင်း၍ (Mask Campaign) ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ စျေးဆိုင်များတွင် ရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်ယူသူများအား (Mask) တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခြင်းရှိ/မရှိ သွားရောက်စစ်ဆေး၍ (Mask)များ အခမဲ့ဖြန့်ဝေကာ Quarantine Center တွင် Quarantine ဝင်ရောက်နေသူများအား သွားရောက်အားပေး၍ လိုအပ်သည်များမှာကြားခဲ့ ကြောင်း သိရှိရသည်။