ချောင်းဆုံ ဩဂုတ် ၂၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာရှိ မိုးစပါး ပေါ်ဆန်းရင် မျိုးသန့်၊မျိုးပွား၊ မျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်၊မျိုးစေ့ ထုတ်လုပ်ခြင်း ( RS to CS) မျိုးစေ့ထုတ်ဧက ၅၀ စိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်က ချောင်းဆုံ မြို့နယ်တွင်မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအားရှင်းလင်း တင်ပြမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်း၌ အခြေခံလိုအပ်ချက်ဖြစ်သည့် အထွက်နှုန်းကောင်းမွန်စေရန်အတွက်မျိုးကောင်း မျိုးသန့်ရရှိစေရေး၊ သဘာဝမြေဩဇာနဲ့ ဓါတ်မြေဩဇာများ ရရှိစေရေးနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများရရှိစေရေး ဆောင်ရွက် ပေးကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ဒေသခံများက ကျေးရွာတွင် လိုအပ်နေသည့် ကုန်ထုတ်လမ်းပေါ်ရှိ တံတားများ တည်ဆောက်ပေးနိုင်ရန် တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ချောင်းဆုံမြို့နယ်အနေဖြင့်မိုးစပါးစိုက်ဧက၆၅၃၇၆ဧကစိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၆၅၂၁၁ဧက စိုက်ပျိုးနိုင်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၉၉ ဒဿမ ၇၅ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မွန်ပြည်နယ်တွင် ယခင်နှစ်အလားတူကာလ၌ စိုက်ဧက ၅၆၅၆၆၂ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၅၂၇၁၄ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့သဖြင့်စိုက်ပျိုးရာသီကုန်အထိရည်မှန်းစိုက်ပျိုးဧက လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မွန်ပြည်နယ်တွင်၂၀၂၁ခုနှစ် မိုးစပါးသီးနှံ ၆၈၅၁၀၈ ဧကစိုက်ပျိုး ရန် ရည်မှန်းထားပြီး ဩဂုတ်လ တတိယပတ်အထိ ၆၁၈၃၇၆ ဧက စိုက်ပျိုးနိုင်ခဲ့၍ ၉၀ ဒဿမ၂၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)