ရေဦး ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်း မတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့၀င်များက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့်ကျန်းမာရေဌာန ဆရာဆရာမများ၊ ဆေးထိုးရာတွင်ပါ၀င်ကူညီကြသည့် ဘော်လန်တီယာများအတွက် နံနက်စာထမင်းဘူးများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးလာသူများကို အဟာဖြစ်မုန့်ထုပ် များနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစာင်များ ပေးဝေခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီးတို့က ကာကွယ်ဆေးထိုးနှံရာသို့သွား ရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးအစီအစဉ်တွင်ပါ၀င်ခဲ့ ကြသူများအားကျေးဇူး တင်စကားပြောကြားခဲ့သည်။