ပေါက်တော ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင်း ဝါတွင်းကာလအတွင်း ရဟန်း၊ သာမဏေများ ဆွမ်းအခက်အခဲကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ ပေါက်တောမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆန်နှင့်ဆီများကို ယနေ့ နံနက်(၈)နာရီက ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း (၂၀)မတည်လှူဒါန်းမှုဖြင့် မြို့ပေါ်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များစု ပေါင်း၍ ငွေကျပ်(၁၄)သိန်း(၇)သောင်း အပါအဝင် စုစုပေါင်းငွေကျပ်(၃၄)သိန်း (၇)သောင်းဖိုး ပေါ်ဆန်းမွှေးဆန်အိတ်(၁၀၀)နှင့် ပဲဆီ ၂လီတာဘူး (၁၀၀) တို့ကို မြို့ပေါ်ဘုန်းတော်ကြီးကျောင်း(၃၁)ကျောင်းရှိ ရဟန်း/သာမဏေအပါး (၁၀၀)တို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဒါန်းမည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကျော်သန်း