Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်စိုက်ခင်းအား ကြည့်ရှု၊ တကုန်းကြီးကျေးရွာ Quarantine Center သို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Aug 25,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီး အရှေ့ကျေးရွာတွင် Saemaul Undong (S.M.U) ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၃၆)ဧက၌ ဓါတ်မြေသြဇာ ကြဲပက်နေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့် မှ ဓာတ်မြေသြဇာ လိုအပ်မှုအခြေအနေများ၊ မြေဆီလွှာဓာတ်ခွဲ စစ်ဆေးမှုအဖြေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အရာတော်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၈)ဦး ရောဂါလက္ခဏာများ ပျောက်ကင်း၍ နေအိမ် ပြန်ခွင့်ရရှိ
Aug 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ အမျိုးသား(၆)ဦးနှင့် အမျိုးသမီ း(၂)ဦး၊ စုစုပေါင်း(၈)ဦးတို့တွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီဖြစ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ် တုံ့ ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ(၁)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးရှိ
Aug 25,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သြဂုတ်လ (၂၄)ရက်နေ နံနက်ပိုင်းက ဘူးသီးတောင်မြို့အမှတ် (၆)ရပ်ကွက်နေ အမျိုးသမီး(၁)ဦး နေမကောင်းသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြည်သူများအား ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုံးဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ဆက် လက် ရောင်းချပေး
Aug 25,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်-၁၉ ကာလ အတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ ညနေပိုင်းက ဆန်တစ်ပြည်တစ်ထောင်ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည် နှုန်းဖြင့် စုစုပေါင်း ဆန်အိတ်(၂၅)အိတ်အား မော်တော်ယာဉ်များဖြင့် ရပ်ကွက်၊ ကျေးရွာအတွင်းသို့ လိုက်လံ ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာများနှင့် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသူ ၅ ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများထောက်ပံ့
Aug 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၅ ခု၌ ရောက်ရှိ ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ ၆၀၄ ဦးတို့အတွက် ထောက်ပံ့ရန် ဆန်ရိက္ခာဖိုးငွေနှင့် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသူ ပြည်သူ ၅ ဦးအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောက်မဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်တိုက်ပွဲရှောင် ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ တိုက်ပွဲရှောင်ကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက လက်ခံရယူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားရှိ ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှု လုပ်ငန်းအားလုံး လာမည့် ဘုရားပွဲတော်ရာသီချိန်မတိုင်ခင် အပြီးတည်ဆောက်
Aug 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတည်ဆောက်နေမှု လုပ်ငန်းများအားလုံးကို လာမည့်နှစ် (၂၀၂၂ ခုနှစ်) ဘုရား ပွဲတော် ရာသီချိန်မတိုင်ခင် အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ယနေ့ အချိန်ထိ လုပ်ငန်းအားလုံး ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါ အရည်အသွေးစစ်ရေးအဖွဲ့ ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်
Aug 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်က ထီးခီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းသို့ လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန်အတွက် အောက်ဆီဂျင်အိုး များလှူဒါန်း
Aug 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ် သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် အောက်ဆီဂျင်အိုးများကို ယမန်နေ့ နံနက်ပိုင်းက ကြက်ခြေနီအသင်းရုံးတွင် လာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23689
Page
23690
Page
23691
Page
23692
Current page
23693
Page
23694
Page
23695
Page
23696
Page
23697
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department