ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထားထားနှင့် တွေ့ဆုံမေးမြန်းခြင်း

ဝမ်းတွင်း ဩဂုတ် ၂၃

မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ထားထား

မေး=   ဝမ်းတွင်းမြို့နယ်တွင် Positive Centre၊ Quarantine Centre များ ထားရှိမှု အခြေအနေသိရှိပါရစေ

ဖြေ=   မြို့နယ်အတွင်း ပိုးတွေ့လူနာများနှင့် Positive Centre Quarantine Centre များ ထားရှိမှုအနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အားကစားရုံ၊ မြတ်ညီနောင်ရိပ်သာ၊ အ.ထ.က(ဝမ်းတွင်း)၊ လေးမျက်နာကျေးရွာနှင့် ဘုရားစုကျေးလက်ကျန်းမာရေး ဌာနတို့၌ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များဖြင့် စောင့်ကြည့်ကုသပေး လျက်ရှိပါသည်။

မေး=   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများနှင့် ပတ်သက်၍ ကုသဆောင် များ ဆောင်ရွက်ပေးမှုများကို သိရှိပါရစေ။

ဖြေ= ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော Positive လူနာများကို ကုသရေး ဆေးရုံများဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ(ဝမ်းတွင်း)၊ တိုက်နယ်ဆေးရုံ(နေပူကုန်း)၊ တိုက်နယ်ဆေးရုံ(ညောင်အုပ်ဖီး)တို့တွင် ကုသပေးလျက်ရှိပါသည်။

မေး=   ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကုသဆောင်များတွင် တက်ရောက်၍ ဆေးကုသ မှုခံယူနေသူများစာရင်း သိရှိပါရစေ

ဖြေ=   မြို့နယ်အတွင်း ကိုဗစ်-၁၉ ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသူများ အနေဖြင့် မြို့နယ်ချုပ်အနေဖြင့် ပိုးတွေ့လူနာပေါင်း(၁၈၅၇)ဦး၊ ဆေးရုံဆင်း (၁၄၄၀)ဦး ရှိပါသည်။

မေး= မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အောက်ဆီဂျင်ထားရှိမှုအခြေအနေ သိရှိပါရစေ

ဖြေ=   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ ကုသဆောင်များတွင် အောက်ဆီ ဂျင် ထားရှိမှုအနေဖြင့် Oxygen Concentrator(၈)လုံး၊ Oxygen Cylinder ၁၀လီတာ(၇)လုံး၊ ၁၅ လီတာအိုး (၈)လုံး၊ ၂၀လီတာအိုး(၁)လုံး၊ ၄၀ လီတာအိုး(၁၄)လုံးဖြင့် နေ့စဉ်ပြင်ဦးလွင်၊ မန္တလေးစက်ရုံများမှ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ အကူအညီဖြင့် သယ်ယူကာလူနာများအား ကူညီပေးလျက်ရှိပါတယ်။

မေး=   ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ သိရှိပါရစေ

ဖြေ=   မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများ၊ ပိုစတာများ တပ်ဆင်ခြင်း၊ မြို့ဝင်မြို့ထွက် နေရာများတွင် အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်း၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့နယ် အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကြော်ငြာခြင်း၊ Mask Campaign များ ပြုလုပ်ပေးခြင်း၊ ဈေးနှင့် လူစည်ကားရာနေရာများတွင် Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အား Local Cemi Lockdown အဖြစ် ဇူလိုင်လ ၁၄ ရက်နေ့မှ ၃၁ နေ့အထိလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာနမှ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြော်ငြာထားသည့် မြို့နယ်များ စာရင်းတွင် ဝမ်းတွင်းမြို့နယ်အား ဩဂုတ်လ ၁ ရက်နေ့တွင်လည်း သတ်မှတ်ခဲ့သည်။

မေး=   ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဘယ်လိုလက္ခာများပြလျှင် စိုးရိမ်ရပါသလဲ ဖြေကြားပေးစေ လိုပါတယ်။

ဖြေ=   ဖျားနာခြင်း၊ အနံ့ပျောက်ယုံမက အောက်ဆီဂျင်ကျနေခြင်း၊ နမိုးနီးယား အောက်ဆီဂျင်အပြင်းအထန်ကျခြင်း၊ အောက်ဆီဂျင်ပေးထားသော်လည်း တက်မလာ ခြင်း၊ ဆီးမထွက် သွေးပေါင်ချိန်ကျခြင်း၊ အငံပုလင်းချိတ်ထားသော်လည်း သွေးပေါင် မတက်လာခြင်း စသည့်အခြေအနေများသည် စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပါ တယ်။

မေး=   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျှင် ပြုမူနေထိုင်ပုံနှင့် စားသောက်ပုံများကို ရှင်းပြ ပေးပါ။

ဖြေ=   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံပီဆိုလျှင် တစ်ရက်အရည်(၃)လီတာ သောက်ဖို့လိုပါ တယ်၊ ကယ်လိုရီ ၂၀၀၀ မှ ၂၅၀၀)၊ အသားဓာတ်(၇၅-၁၀၀)ဂရမ်၊ တစ်ရက်အစာ (၆)ကြိမ် စားစေချင်ပါတယ်၊ ဗိုက်မဆာလဲစားပါ၊ ပုံမှန်စားနေကျထက် ပိုစားပေးပါ၊ အသားဓာတ် ရရှိရန် အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဒိန်ချဉ်၊ မြေပဲ၊ ကြက်ဥ၊ ဘဲဥ၊ တို့ဟူးစားပေးပါ၊ ကိုယ်ခံအားတက်စေရန် ဗီတာမင်သတ္တုဓာတ်ရရှိစေရန် ဟင်းသီး ဟင်းရွက် အသီးအနှံများ စားပေးပါ၊ နေ့စဉ် (ရေ၊ ဖျော်ရည်၊ အာဟာရမှုန့်) (၃)လီတာဝင်အောင် သောက်ပေးပါ။ ရောဂါကူးစက်မှုမရှိစေရန် နှာခေါင်းစည်း Mask တပ်ပါ၊ အရာဝတ္တုများကို ကိုင်ပီးတိုင်း လက်ကိုစက္ကန့်(၂၀)ခန့်ဆေးပါ၊ အသုံးပြုပြီး သော Mask များကို စနစ်တကျ စွန့်ပစ်ပေးပါ၊ လူနာ၏ အသုံးဆောင်ပစ္စည်းများကို ဟိုက်ပိုကရိုတိုက်အရည်ဖြင့် (၁၀)မိနစ်ခန့်စိမ်၍ ရေနွေးဖြင့် အနည်းဆုံး(၂၅)မိနစ်ခန့် စိမ်ပြီး လက်အိပ်ဖြင့် လျှော်ဖွတ်ပေးပါ။ တစ်ဦးနှင့်တစ်ဦး (၆)ပေကွာ၍ ပြောဆိုပါ၊ နှာချေချောင်းဆိုးလျှင်နှာခေါင်းနှင့်ပါးစပ်ကိုအုပ်ထားပါ။အသွားအလာများတားမြစ်ပိတ်ပင်၍သီခြားစွာနေထိုင်ပါ၊ မပြင်းထန်သောကိုယ်လက် လှုပ်ရှားမှုများကိုပြုလုပ်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ အဟာရပြည့်ဝအောင်စားသုံးခြင်းတို့ကို ပြုလုပ်ပေးပါ။

မေး=   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စစ်ဆေးပေးနေမှုအခြေအနေများကို ဖြေကြားပေး စေလိုပါတယ်။

ဖြေ=   ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် Positive လူနာများ၏ Contact များ၊ Stay at Home မြို့နယ်များမှ ပြန်လာသူများ၊ နိုင်ငံခြားမှ ပြန်လာသူများအား စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပါတယ်။ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စင်တာများ၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများကို စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

မေး=   ကိုဗစ်-၁၉ ရောဂါ သံသယရှိလျှင် မည်သို့ဆောင်ရွက်ရမည်ကို ရှင်းပြပေးစေလိုပါ တယ်။

ဖြေ=   ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သံသယလက္ခာတစ်ခုခုခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ်ပြီး စစ်ဆေးမှုများ ခံယူပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူသင့်ပါတယ်။

မေး=   ကိုဗစ်-၁၉ ရောဂါနှင့် သတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထားထားအနေဖြင့် ဖြည့်စွက်ပြောကြားလိုသည်များရှိလျှင် ပြောပြပေး လိုပါတယ်။

ဖြေ=   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် တက်နိုင် သမျှအိမ်တွင် သာနေထိုင်ပါ၊ မိမိနေအိမ်သို့ ဧည်သည်လက်ခံခြင်းနှင့် သူများအိမ်သို့ သွားလာခြင်းကို ရှောင်ကျဉ်ပါ၊ မိမိအိမ်တွင် အသက်(၆၅)နှစ် အထက်ရှိသူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်နာတာ ရှည်ရောဂါ ခံစားနေသူများရှိပါက ထိုသူအား ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပေးပါ၊ လေဝင်လေထွက် ကောင်းသော နေရာတွင် နေထိုင်ပါ၊ မဖြစ်မနေ အပြင်ထွက်ရန်ရှိပါက နှာခေါင်းစည်း Mask များ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျ ဆေးပါ၊ အခြားသူများနှင့်(၆)ပေခြားနေထိုင်ပါ၊ လေ ဝင်လေထွက် မကောင်းသော နေရာများကို သွားလာခြင်းရှောင်ပါ၊ လူစုလူဝေးများကို ရှောင်ပါ၊ ဖြစ်နိုင်လျှင် တစ်ပတ်လျှင် တစ်ကြိမ်သာ ဈေးဝယ်ထွက်ပါ၊ အပြင်မှ ပြန်လာပြီးတိုင်း မိမိအိမ်သို့ ရောဂါများ မပါလာစေရန် သတိပြုလုပ်ဆောင်ပါ၊ အသုံးပြုပြီး Mask နှင့်တစ်ခါသုံးပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပါ၊ အဝတ်စားများ မလဲမှီအိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းရှောင်ကြဉ်ပါ။ ကာကွယ်ဆေးသည် မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပေးပြီး ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်နိုင်သည့်ဘက်မှ စနစ်တကျ ပါဝင်ပူးပေါင်းပေးကြပါရန် ပြောကြားလိုပါတယ်။

ရဲမျိုး(ဝမ်းတွင်း)