ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသည့် ရက္ခိတရင်ခွင်သာရေးနာရေး အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်းမှုများ

ကျောက်ဖြူ   သြဂုတ် ၂၃

မေး။   ။မင်္ဂလာပါရှင့်၊ လူကြီးမင်းနာမည်နဲ့ အသင်းအဖွဲ့ရဲ့ နာမည်လေးသိချင်ပါတယ်ရှင့်၊  

ဖြေ။    ။ကျွန်တော်နာမည်ကတော့ ဦးမျိုးထွန်းလင်းဦးပါခင်ဗျ၊ အသင်းအဖွဲ့အမည်ကတော့ ရက္ခိတရင် ခွင်သာရေးနာရေး အသင်းပါခင်ဗျ၊  

မေး။   ။ ဒီအသင်းကို တည်ထောင်ရတဲ့ရည်ရွယ်ချက်လေး  သိချင်ပါတယ်ရှင့်။

ဖြေ။    ။ကျွန်တော်တို့ ဒီအသင်းကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကိုမတင်ပြခင်မှာ ဒီအသင်းအဖွဲ့စတင် ပေါ်ပေါက်လာပုံလေးကို အရင်ပြောပါရစေခင်ဗျ၊ ကျွန်တော်တို့အသင်းကတော့ လောလောဆယ် ဘေးတွဲဆိုင်ကယ်မောင်းနှင်နေတဲ့ အခြေခံလူတန်းစား လက်လုပ်လက်စား သမားတွေ ဘဝရပ်တည်ဖို့အတွက် ဆိုပြီးတော့ မြို့ပေါ်အဖွဲ့အစည်းနဲ့လူကြီးပိုင်းတွေက အသင်းအဖွဲ့အနေနဲ့ရပ်တည်လှုပ်ရှားဆောင်ရွက် နိုင်အောင်လို့ ရက္ခိတရင်ခွင် သာရေးနာရေးအသင်းကို   ကျွန်တော်တို့လို အခြေခံလူတန်း စားတွေဖြစ်တဲ့ ဘေးတွဲဆိုင်ကယ ်မောင်းနှင်နေတဲ့သူတွေနဲ့ စတင်ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်ပါတယ်၊ ဒီလိုမျိုးစတင် ဖွဲ့စည်းကတည်းက အသင်းဝင်တွေရဲ့မိသားစုစားဝတ်နေရေးအတွက် သာရေး၊ နာရေးလုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ကူညီ ဆောင်ရွက်ပေးခဲ့တယ်၊ မြို့ပေါ်အဖွဲ့အစည်းတွေနဲ့လည်း   လိုက်ပြီးတော့ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေ လုပ်အားဒါနကို အခြေခံပြီးတော့ ပူးပေါင်းဆောင် ရွက်လာခဲ့တာ ဒီနေ့အထိပါဘဲ၊

မေး။   ။ဒီကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ လူကြီးမင်းအသင်းအနေနဲ့ ကူညီအားဖြည့်နေမှုများကို သိချင်ပါတယ်ရှင့်၊

ဖြေ။    ။ကိုဗစ်ရောဂါဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က First Wave, Second Wave နဲ့ Third Wave တွေမှာ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊ အဓိကကိုဗစ်လုပ်ငန်းတွေမှာ တော့ ကျွန်တော်တို့ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ပညာပေးရေးလုပ်ငန်းရယ်၊ နောက်ပြီးတော့ ခုကိုဗစ်နဲ့ပတ်သက်တဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက် ပေးခဲ့ပါတယ်၊ ဒါ့အပြင်  ကျွန်တော်တို့ရဲ့ နောင်တော်အသင်းတွေဖြစ်တဲ့ ဓူဝံကြယ်၊ လေးဝတီအသင်းတွေက စပြီးတော့ကျွန်တော်တို့ကို သင် ကြားပြီးတော့ လက်တွဲဆွဲခေါ် ယူလာခဲ့တယ်၊ အဲ့ကတစ်ဆင့် သွေးလှူရှင်များအသင်းတို့၊ ကျောက်ဖြူ Volunteer အသင်းတို့၊ လင်းရောင်ခြည် ပရဟိတအသင်းတို့၊ ဆေးရုံ Volunteer အသင်းတို့နဲ့ပူးပေါင်းပြီး တော့ ဒီနေ့အထိ ကိုဗစ်လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်လျှက်ရှိပါတယ်၊ အဓိကဆောင်ရွက်တာက တော့  Positive နဲ့ဆုံးတဲ့လူတွေရဲ့ Dead Body ကိစ္စကို ဓူဝံကြယ်၊ လေးဝတီ၊ နောက်ပြီး ကျွန်တော် တို့အသင်းရယ်၊ လင်းရောင်ခြည်ပရဟိတအသင်းရယ်၊ ဆေးရုံ Volunteer အသင်းတို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါတယ်၊ ဆေးဖြန်းခြင်းလုပ်ငန်းကတော့ လင်းရောင်ခြည်အသင်းရယ်၊ ဓူဝံကြယ်အသင်းရယ် နောက်ကျွန်တော်တို့ အသင်းရယ်တို့နဲ့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင် လျှက်ရှိပါတယ်၊ ကျွန်တော်တို့အသင်း အနေနဲ့ ကိုယ်ထူကိုယ်ထ လုပ်တာကတော့ လုပ်အားအနေနဲ့ Quaratine Center ထဲမှာရှိတဲ့ စွန့်ပစ်အ မှိုက်တွေကို ကျွန်တော်တို့က ဆေးဖြန်းပြီးတော့မှ အိတ်နဲ့ပြန်သွတ်တယ်၊ နောက်ပြီးတော့မှ ကျွန်တော် တို့ဆီမှာရှိတဲ့ယာဉ်ဖြစ်တဲ့ ဘေးတွဲဆိုင်ကယ်နဲ့ သယ်ယူပြီးတော့ အမှိုက်စွန့်ပစ်တဲ့နေရာမှာ စနစ်တကျ စွန့်ပစ်ပါတယ်၊ နောက်တစ်ခုက အများနဲ့သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ ဘာသာရေးအဆောက်အဦတို့၊ ဆေးရုံတို့၊ မြို့မသုသာန် နေရာတို့၊ ဘိုးဘွားရိပ်သာတို့လိုနေရာတွေမှာရှိနေတဲ့ ခြုံနွယ်ပိတ်ပေါင်းတို့ကို မြက်ဖြတ်စက်တွေနဲ့ သန့်ရှင်းရေးဆောင်ရွက်ပေးမှုတွေရှိပါတယ်၊

 မေး။  ။လူကြီးမင်းတို့နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ အသင်းတည်ရှိတဲ့နေရာလေး သိချင်ပါတယ်ရှင့်၊

ဖြေ။    ။ ကျွန်တော်တို့အသင်းစတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့နှစ်ကတော့ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်ပါ၊ ခုဆိုကျွန်တော်တို့ ဒုတိယတစ်ကြိမ်သက်တမ်းတင်ပြီးတော့ ခွင့်ပြုချက်ရထားပြီးပါပြီ၊ မြို့နယ်ထွေအုပ်ရဲ့ ခွင့်ပြုမိန့် မှတ်ပုံတင်အမှတ်ကတော့ ကဖ/၀၆/၀၀၄ ကျွန်တော်တို့မှာ ခုလောလောဆယ် ကိုယ်ပိုင်ရုံးက မရှိသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ကုလားဘာတောင်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အိမ်အမှတ် ၂၃၆ မှာယာယီရုံးဖွင့်လှစ်ပြီး ဆောင်ရွက်လျှက်ရှိပါတယ်၊  ဖုန်းနံပါတ်ကတော့ လောလောဆယ်တော့ ကျွန် တော်ဖုန်းနံပါတ် ၀၉၂၅၇၅၃၄၃၆၇ နဲ့ အသင်းရုံးယာယီဖုန်းနံပါတ် ၀၉၇၇၇၁၄၂၉၅၂ ကိုဆက်သွယ်နိုင် ပါတယ်ခင်ဗျ၊

မေး။   ။လူကြီးမင်းတို့ရဲ့အသင်းဟာ ပရဟိတစိတ်ဓါတ်နဲ့ ဆောင်ရွက်ရပြီး မွန်မြတ်တဲ့လုပ်ငန်းဖြစ် တာကြောင့် လူကြီးမင်းတို့ရဲ့ ပီတိစကားသံကိုလည်းကြားချင်ပါရစေရှင့်။

ဖြေ။    ။ကျွန်တော်တို့ကတော့ အကုန်လုံးစုပေါင်းပြီးဆောင်ရွက်ရတဲ့အတွက်၊ ကျွန်တော်တို့ အနေနဲ့လုပ်နိုင်တဲ့အတွက်၊ ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးနိုင်တဲ့အတွက်၊ ကျွန်တော်တို့ တစ်ဖက်တစ်လမ်းကပါ ဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ဆောင်ရွက်သွားဖို့ အတွက် စီမံဆောင်ရွက်လျှက်ရှိပါတယ်၊  

မေး။   ။လူကြီးမင်းရဲ့ အသင်းအဖွဲ့ကိုယ်စား ပြောချင်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါရှင်။

ဖြေ။ ။အကုန်လုံးကတော့ အဆင်ပြေသထက်ပြေအောင်ဆိုပြီး ကြိုးစားလို့၊ ညီအစ်ကိုတွေပေါင်းစပ်ပြီးတော့ နောက်ထပ်လည်း တစ်ခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်၊ ဒီထက်ကောင်းတဲ့၊ ဒီထက်မွန်မြတ်တဲ့ဟာကို အခြားအဖွဲ့အစည်း တွေနဲ့ပေါင်းစပ်ပြီးတော့၊ ညှိနှိုင်းပြီးတော့လက်တွဲဆောင်ရွက်သွားလို့ရှိရင် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင် ကတော့နီးစပ်ပါတယ် လို့ ပြောချင်ပါတယ်၊   ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ- ဒေါ်ခင်ယုယုနွယ်(ပြန်/ဆက်)