နမ္မတူမြို့နယ်တွင် လူမှုကူညီရေးအသင်း (၂)သင်းသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ အလှူငွေများပေးအပ်လှူဒါန်း
Aug 25,2021
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးမှ နမ္မတူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် Facility Quarantine Centre များသို့ ထမင်း/ဟင်းများ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသော လူမှုကူညီရေးအသင်း (၂)သင်းရှိ ပရဟိတအသင်းအဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ ပိုးတွေ့လူနာနှင့် စောင့်ကြည့်လူနာများ စားသုံးရန်ရည်ရွယ်၍ ထမင်း/ဟင်းသုံးနပ် (၃)ရက်စာအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။