ရွှေပြည်သာ သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)ပင်စင်လစာငွေများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ အေးချမ်းစွာဖြင့် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ၏ ပင်စင်လစာငွေများအား စိတ်အေးချမ်းသာစွာဖြင့် စောစီးစွာ ထုတ်ယူရရှိနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်အား နံနက်၇နာရီအချိန်မှစတင်ရုံးဖွင့်၍ (အငြိမ်းစား)ပင်စင်လစာများ ထုတ်ပေးကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် ဘဏ်သို့လာရောက်၍ အငြိမ်းစားလစာထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများနှင့်ဘဏ်နှင့်ပတ်သတ်၍ လုပ်ငန်းလာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးဆက်မှုမရှိစေရေးအတွက် ဘဏ်သို့အဝင်တံခါးပေါက် ရှေ့တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊တစ်ဦးနှင့်တစ်ဦး ၆ပေကွာထိုင်စေခြင်း၊ ရေ၊ လက် ဆေးဆပ်ပြာ၊လက်သန့် ဆေးရည်တို့ဖြင့် လက်ဆေးစေခြင်း၊ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်းနှင့်(Mask) မပါရှိသူများအား (Mask)များ အခမဲ့ပေး၍(Mask) တပ်ဆင်ပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ်ကောင်တာသို့ အလှည့်ကျဝင်ရောက် စေခြင်း၊ငွေသွင်း/ငွေထုတ်ပြုရာတွင်တစ်ဦးနှင့်တစ်ဦး ၆ ပေခြားကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘဏ်သို့လာရောက်၍ အငြိမ်းစားလစာငွေများထုတ်ယူကြသူ အငြိမ်းစားဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်းများ လာရောက်လုပ်ဆောင်ကြသည့်ပြည်သူများ လုံခြံမှုရှိစေရေးအတွက်မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိပြီး ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ ဆွေမျိုးသားချင်းများမရှိ၍ဖြစ်စေ ဘဏ်သို့ကိုယ်တိုင်လာရောက်၍ ပင်စင်လစာငွေ ထုတ်ယူနိုင်ခြင်းမရှိသူများနှင့် ကိုယ်စားလှယ် ဖြင့် လစာထုတ်ယူရန်အခက်အခဲရှိပါ ဘဏ်သို့ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြား၍ ဘဏ်မှရုံး ဝန်ထမ်းများအားအငြိမ်းစားဝန်ထမ်း နေထိုင်ရာအိမ်သို့ သွားရောက်၍ ပင်စင်လစာငွေ ထုတ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
"ကျမတို့ ရွှေပြည်သာမြို့နယ်မြန်မာ့စီးပွားဘဏ်အ နေနဲ့က ပုံမှန်ရုံးဖွင့်ရက်ဆို မနက် ၉ နာရီက နေမွန်းလွဲ ၃ နာရီအထိလစာထုတ်တဲ့ရက်ဆို မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ရုံးဖွင့်ဆောင်ရွက်ပေးပါတယ်၊နိုင်ငံ့ဝန်ထမ်း အငြိမ်းတွေ ရဲ့ပင်စင်လစာထုတ်တဲ့ ရက်ဆိုရင်တော့ ပင်စင်စား အငြိမ်းစားဝန်ထမ်းသက်ကြီးရွယ်အိုတွေ ပင်ပန်းမှုမရှိစေရန်နှင့် စောစီးစွာ လစာငွေ ရရှိစေရန်အတွက် မနက်၇ နာရီကတည်းက ထုတ်ပေးပါတယ်"ဟု ရွှေပြည်သာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတာဝန်ခံတစဦးကပြောသည်။
မြန်မာ့စီးပွားရေးဘဏ်တွင်နိုင်ငံရေးပင်စင်၊ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင်လစာ ငွေထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာ နမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီယ နေ့နံနက် ၇နာရီမှစတင်၍ အေးချမ်းစွာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အေးမိုး