ဒလမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်
Aug 25,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းသည့် အောက်ဆီဂျင်စက်နှင့် အများပြည်သူ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံ အဆောက်အုံနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ရေးလုပ်ငန်းများကို ဗညားဒလရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီးနှင့် ကနောင်လမ်းမကြီး ထောင့်ဆုံရာမြေနေရာတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးနှင့် လည်ပတ်ထိန်းသိမ်းရေးကော်မတီတို့မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။