ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး ပြည်သူများအား ဆန်တစ်ပြည် တစ်ထောင်ကျပ် နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေး

ကျောက်တံခါး သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့်၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်- ၁၉ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ ညနေပိုင်းက ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း စုစုပေါင်းဆန်အိတ် (၂၅)အိတ်အား မော်တော်ယာဉ် များဖြင့် ရပ်ကွက်/ ကျေးရွာအတွင်းသို့ လိုက်လံရောင်းချပေးခဲ့သည်။

ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းမှ ဆင်းရဲနွမ်းပါး ပြည်သူများအား ရပ်ကွက်/ ကျေးရွာများအရောက် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး စုစုပေါင်းရောင်းချပေးရန် ဆန်အိတ်(၅၀၀)အား စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

စန်းစန်း