တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နတ်တလင်းမြို့အတွင်း ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

နတ်တလင်း ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလ အတွင်း ပြည်သူများ ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး လူစည်းကားရာ နေရာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးသွားဈေးလာပြည်သူများကို ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချ၍ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပြီး အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး