ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အထောက်အကူပစ္စည်းများအား ချင်းရွေဟော်မြို့မှ မန္တလေးမြို့ စက်မှု(၂) သို့ တင်ပို့ရန် လာရောက်သယ်ဆောင်

ချင်းရွှေဟော် ဩဂုတ် ၂၄

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ပမှတင်သွင်းသည့် ကျန်းမာ‌ရေးသုံးပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ တာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့်  ရုံးချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ နဂါးနီဂိုဒေါင်ရှိ MASK (၁၁၆၇) ဖာ၊ PPE(၃၁၅) ဖာ၊ လေရှူပိုက်(၃၉) ဖာ၊ အောက်ဆီဂျင်အိတ်(၁၅) ဖာ၊ လက်အိတ် (၆၀၀) ဖာ၊ ဆေးထိုးအပ်(၇၀၈) ဖာ၊ Concentrator(၅၀) လုံးနှင့်  Oximeter(၁၀) ဖာတို့အား လားရှိုးဘက်မှ မော်တော်ယာဉ်(၅)စီးသည် ဩဂုတ်လ (၂) ရက်နေ့ မွန်းလွဲပိုင်းအချိန်က လာရောက်တင်ဆောင်ခဲ့သည်။ အဆိုပါ ကျန်းမာရေးသုံး ပစ္စည်းများအား မန္တလေးမြို့ရှိ စက်မှု ()သို့ တင်ပို့ရန်ဖြစ်ပြီး တာဝန်ရှိသူများက မြို့နယ်အလိုက် သက်ဆိုင်ရာ ဆက်သွယ်ရေးစခန်း တာဝန်ခံများနှင့် ချိတ်ဆက်ပြီး ကုန်ပစ္စည်းများ မြန်ဆန်ချောမွေ့စွာ ရောက်ရှိစေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူမောင်မောင်