သတင်းများ

ဒေးဒရဲမြို့၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထုတ်နည်းပညာသင်တန်းနှင့် မျိုးစေ့ ထောက်ပံပေးအပ်ပွဲကျင်းပ
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးမှီ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထွက်ရှိလာစေရန်၊ မျိုးစေ့ထုတ် နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ တောင်သူများအား အရည်အသွေးမြင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ် စိုက်ပျိုးရေးဦးစီဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
May 24,2022
မကွေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့တွင် ‌ရေလမ်းခရီးသွား ပြည်သူများအား မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
May 24,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ များကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မဆိပ်ကမ်းသို့သွားရောက်ကာ မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေး ဆရာမြင့်ကျော်၏" ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်းကာ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်
May 24,2022
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ လေဘေးသင့်ပြည်သူ အိမ်ထောင်စုများအား ထောက်ပံ့
May 24,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ဝဲကလိကျေးရွာအရှေ့ပိုင်းတွင် မေလ ၂၀ ရက်နေ့က မိုး သည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် ပျတ်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁၂)စုအတွက် ထောက်ပံ့​ငွေကို ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက် ထောက်ပံ့ပေးခဲ့သည်။
ကျွန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ (၈၇)ဦးအား၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက် ရှိရာ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
ကျိုင်းတုံမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။