မုဒုံ မေ ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ် ဝဲကလိကျေးရွာအရှေ့ပိုင်းတွင် မေလ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် ပျတ်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁၂)စုအတွက် ထောက်ပံ့ငွေကို ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက် ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်တစ်လုံးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀၀၀၀) ကိုလည်ကောင်း၊ (၇) ရက်စာ ဆန်ဖိုးငွေ (၁၀၉၂၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၀၉၂၀၀) ကျပ်အား ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
ထို့အပြင် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အိမ်ထောင်စု (၆) စုအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကိုလည်း သွားရောက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)