သတင်းများ

ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ဌာနဆိုင်ရာများ စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်
May 24,2022
ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​​​ရေးအဖွဲ့၏ ဦး​ဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများစု​ပေါင်း၍ ခြုံနွယ်မြတ်ပင်များ ရှင်းလင်းခြင်းနှင့် စွန့်ပစ်အမှိုက်များ​ ကောက်ယူခြင်းကို ယ​နေ့ နံနက် ၇ နာရီအချိန်က ​မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက် တန်း​ကျောင်းဝန်း၌ စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန် တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ဆောင်ရွက်ပေး
May 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးကောင်းမြတ်ဇင် ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့် ရက်တိုသင်တန်းဖွင့်ပွဲတက်ရောက်
May 24,2022
စစ်တွေမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်ရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရွှေတောင်မြို့နယ် ဒုံးကုလားကျေးရွာတွင် အသက်မွေးဝမ်းကျောင်း ပညာ (၅) မျိုးအား ဆွေးနွေးသရုပ်ပြပို့ချ
May 24,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း သင်တန်းပညာ (၅) မျိုးကို ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ပို့ချခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျောက်ထရံအုပ်စု၊ ဒုံးကုလားကျေးရွာ တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို  ယမန်နေ့ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ရှိ လမ်းလယ်ကျွန်းများ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ လမ်းလယ်ကျွန်း၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီခွဲမှ ယမန်နေ့ညနေပိုင်း ၄ နာရီအချိန်ခန့်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း မြို့ပြအင်္ဂါရပ်နှင့်ပြည့်စုံညီညွတ်မှုရှိစေရေး အတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇နာရီအချိန်က မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် အမှတ်(၉) ရပ်ကွက်၊ သိမ်ဖြူ လမ်းတို့တွင် မြို့နယ် EO ရုံးမှ AEO ဦးဆောင်၍ မြို့နယ်စည်ပင် သာယာဝန်ထမ်းများမှ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။