စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေး ဆရာမြင့်ကျော်၏" ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝါသနာပါသူများ၊ စာပေချစ်မြတ်နိုးသူများ ၊ စာဖတ်ပရိတ်သတ်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားခြင်း ၊မိတ်ဆွေအပေါင်းအသင်းများတိုးပွား ခြင်း ၊ အတွေးအခေါ်သစ်များရရှိခြင်း၊ အချိန်အနည်းငယ်အတွင်း အသိပညာများစွာ ရရှိစေသောကြောင့် စာဖတ်ဝိုင်းသို့ တက်ရောက်စေလိုကြောင်း  ၊ ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ် သည့်အလေ့အထများ ပိုမိုတိုးတက်ရရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာရှေ့နေဦးဝင်းကြည် ကစာရေးဆရာမြင့်ကျော်၏" ခယောင်းလမ်းမသည်ပန်းလွင်ပြင်ဆီသို့ "စာအုပ်ပါ စာပေလမ်းရဲ့အစခရီး” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဦးတင်အေး  (နရိန်အေး)မှလည်း"ခယောင်းလမ်းမှသည်ပန်းလွင်ပြင်ဆီသို့" စာအုပ်မှ " ရေကြည်တစ်ပေါက်နဲ့ လူတစ်ယောက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးအောင်ဆန်းမှ "ခေတ် သစ်နှလုံးသား အင်တာနက် ရပ်ဝန်း" ခေါင်းစဉ်ဖြင့် အခန်းကဏ္ဍများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောစာပေ ဝါသနာ ရှင်များကလည်း စာအုပ်ပါအခန်းကဏ္ဍများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း (စဉ့်ကိုင်)