မြင်းမူ မေ ၂၄
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက စာဖတ်ဝိုင်းများနှင့် (talk show) များ ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေဝါသနာရှင်များ ဖြစ်ကြသည့် ဦးဇော်မျိုးအောင်နှင့်ဦးဇော်ဝင်းတို့က စာရေးဆရာကျော်မင်းရေးသားသည့် အချိန်မဖြုန်းနည်း စာအုပ်ပါအကြောင်းအရာများနှင့် စာရေးဆရာ၏ စာဖတ်သူများအပေါ် ထားရှိသည့်စေတနာ စာဖေတ်သူများအား အသိပညာပေးမှုများနှင့် ပတ်သက်၍ စာဖတ်ရှုသူ စာပေဝါသနာရှင်များအား ဖတ်ကြားဆွေးနွေးရာ စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေး ခဲ့သည်။
ယင်းနောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင် (၉၀) ကျော်အား စာပေအမြည်းအဖြစ် ဖတ်ရှုလေ့လာခဲ့သည်။
အောင်စိုးဖေ (မြင်းမူ)