အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်
May 24,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရေးကို ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့မွန်းတည့် အချိန်က ရမ်းဗြဲမြို့နယ်၊ YB-ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ဖွင့်လှစ်ကြသည်။