သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
May 24,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မြို့သစ်မြို့နယ် ဆဒ္ဒန်ရေလှောင် တမံသို့ ရောက်ရှိပြီး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ တမံရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ဆဒ္ဒန်တမံအတွင်း ဆည်ရေဝင်ရောက်မှု၊ သီးနှံစိုက်ပျိုးမှု၊ ဒေသခံတောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ်ကောင်းမွန်စေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရေး၊ ဆည်ရေသောက် ဧရိယာအတွင်း  စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျားထိ ရေးပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုး စရိတ်ချေးငွေများ စတင် ထုတ်ချေးပေး
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။
၂ ၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကျင်းပ
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းတံတား(တံတား)ထမံသီ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဥရုတံတား အဆင့်မြှင့်တင်ခြင်း၏ ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်းတို့၏တည်ဆောက်ခြင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန် ဟုမ္မလင်းမြို့ဆောက်လုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။ 
ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်း ပြသ
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ တွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီ အချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
တာမွေမြို့နယ်တွင် လမ်းမီးများ စစ်ဆေးပြုပြင်ခြင်းဆောင်ရွက်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ညအချိန်များ၌ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက်
သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်​​ရေး  အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ  ဆောင်ရွက်
May 24,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပု​တောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးအတွက် အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက မြို့ပေါ် ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချမ်းငြိမ်း(ဟံသာ၀တီ) ရေးသားသည့် “အဝေးဆုံး...ကြည့်အမြင့်ဆုံးပြန်” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 24,2022
ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး စာပေလေ့လာဖတ်ရူ့သည့် အလေ့အကျင့်ကောင်း များရရှိစေရန်၊ အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ ချမ်းငြိမ်း (ဟံသာ၀တီ) ရေးသားသည့် “ အဝေးဆုံး..ကြည့်အမြင့် ဆုံးပြန် ” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။