ကျောက်ဖြူ မေ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ များကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မဆိပ်ကမ်းသို့သွားရောက်ကာ မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
ထိုသို့ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မြစ်ဆိပ်ကမ်းတွင် ရေယာဉ်မောင်းနှင်နေသူများ၊ စက်လှေပိုင်ရှင်များ၊ ၎င်းဆိပ်ကမ်းတစ်လျောက်တွင် ကုန်တင်ကုန်ချပြုလုပ်နေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ဆိုင်ခန်းအသီးသီးတွင် ဈေးရောင်းချနေသူများကို မိုးဦးရာသီကာလတွင် ကြုံတွေ့နိုင်သည့် မုန်တိုင်းဘေးအန္တရာယ်များအားသိရှိကာ ကြိုတင်ကာကွယ်နိုင်ရန် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းသတိပေးချက်ရရှိပါက ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မုန်တိုင်းသတိပေးချက် အရောင်သင်္ကေတအဆင့် (၅) ဆင့်စသည့် အသိပညာပေးဆိုင်ရာများ ပါရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)