သတင်းများ

တမူးခရိုင်၊ မြို့သစ်မြို့၊ မင်းသာစံပြကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးပွဲကျင်းပ
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၏ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မင်းသာစံပြကျေးရွာရှိ မင်းသာခြံစိုက်ကွင်းအတွင်းရှိ လယ်ဧက(၃)ဧကပေါ်တွင် ကြဲပက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း မရှိရေးစစ်ဆေး
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်းကို
မော်လိုက်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားပွဲတင် တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
May 24,2022
စစ်ကိုင်းမြို့နယ်၊ ကုန်းရွာကျေးရွာတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့ ပူးပေါင်း၍ နိုငံသားစိစစ်ကတ်များ ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါ ကျေးရွာရှိ ဓမ္မာရုံ အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း တူးဖော်‌ဆောင်ရွက်
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေနုတ်မြောင်းများတူးဖော်ပေးခြင်းကို
ငရုတ်ကောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ လိုက်လံဆောင်ရွက်
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
May 24,2022
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။