မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး

မြင်းခြံ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမက(၁၃) ကျောင်းတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာ ဇင်မာသန်းထွန်းက အာဟာရအုပ်စု(၅)စု ပါဝင်အောင်စားသုံးရေးနှင့် ကျောင်းကျန်းမာရေး တာဝန်ခံ ဆရာမ ဒေါ်ယဉ်မွန်က သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး အကြောင်းအရာများကို ဟောပြောသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား  စနစ်မှန်သွားတိုက်နည်း၊ စနစ်မှန် လက်ဆေးနည်းများကို လက်တွေ့ပြသခဲ့ပြီး ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ အနာကြီးရောဂါ စစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)