တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ဖြင့် ဆေးကုသနေမှုနှင့် စိုက်ပျိုး‌ရေးဦးစီးဌာန ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားရှိမှုအားသွားရောက် ကြည့်ရှု

ကောသောင်း ဇူလိုင် ‌၂‌၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများအား ကျန်းမာရေး‌စောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကျောက်ကပ် သန့်စင်စက်ဖြင့် ကျောက်ကပ်ဝေဒနာရှင်များအား ဆေးကုသခြင်းဆောင်ရွက်‌နေမှုအခြေအနေများ  ကြည့်ရှုအားပေးစကားပြောကြား၍ ချီးမြှင့်ငွေများပေးအပ်ပြီး ပြည်သူ့ဆေးရုံတွင် ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှု၍ ဆေးကုသမှုခံယူလျက်ရှိသော‌ ဝေဒနာရှင်များအားချီးမြှင့်ငွေများပေးအပ်ကာ အား‌ပေးစကားပြောကြားသည်။ ထို့နောက် ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများအား ချီးမြှင့်ငွေများပေးအပ်၍ ပြည်သူ့ဆေးရုံအတွင်း လိုအပ်ချက်နှင့်အခက်အခဲတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်  စိုက်ပျိုးရေးဦးစီးဌာန၊ (၁၀)မိုင်ဥယျာဉ်ခြံသို့သွားရောက်၍ ဥယျာဉ်ခြံအတွင်း မျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ လက်တွေ့စိုက်ပျိုးထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ ဟင်းသီးဟင်းရွက်နှင့် သီးပင်၊ စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများ၊  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်   ကော့သောင်းမြို့နယ်အတွင်းမှတောင်သူများအား‌ ဥယျာဉ်ခြံသီးပင်များ ဖြန့်ဖြူးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုကာ  ပြည်သူများအား စိုက်ပျိုးနည်းပညာပေးခြင်းများဆောင်ရွက်၍ လက်တွေ့စိတ်ပါဝင်စားပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန်၊ သဘာဝမြေဩဇာများ ထုတ်လုပ်၍ အန္တရာယ်ကင်းသည့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ပြီး ဒေသတွင်း ဝမ်းစာဖူလုံမှုရှိ‌စေရေးဆောင်ရွက်ကြရန်နှင့် ဥယျာဉ်ခြံတွင် ဆိုလာရေတင်စနစ်တပ်ဆင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)