ဘုတ်ပြင်း ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂) ကျွေးရွာရှိ ကျေးရွာပိုင်အဆောက်အဦး၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူ ဦးသန်းထွန်းဦးနှင့် မြိုနယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ဦးဌေးအောင်တို့က အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးဇော်မိုးမြင့်က သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်းတန်းနည်းပြ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွန့်ဝင်းက သင်တန်းတွင်သင်းကြားမည့် သင်ခန်းစားများနှင့်ပတ်သည်များကို ပြောကြားပြီး သင်တန်းကို ပို့ချသည်။
အဆိုပါသင်တန်းကို ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် သင်တန်းသားသင်တန်းသူ(၂၀)ဖြင့် သင်တန်းနည်းပြများက စာတွေ့လက်တွေ့ဘာသာရပ်များကို ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် သီးနှံပင်အကြွင်းကျန်များမှ မြေဆွေးပြုလုပ်နည်း၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများစသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)