မန္တလေး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၀ရက် နံနက်ပိုင်းက မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၂)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇာနည်မောင်၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး) ကျောင်းအုပ်ကြီး ဒေါ်ခင်မာလွင်၊ အလုပ်သမားရေးရာဆက်ဆံဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဦး၊ စက်မှုဇုန်အုပ်ချုပ်မှုကော်မတီမှ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇာနည်မောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဦးထွန်းထွန်းနိုင်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းသို့ သင်တန်းသား ၂၀ တက်ရာက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၀ရက်မှ ဩဂုတ် ၁၄ရက်အထိ ရက်သတ္တ လေးပတ်ဖြစ်ကြောင်းသိရသည်။
MMT