ပင်လောင်း နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်( တောင်ပိုင်း )၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရုံး လူထု အခြေပြုဗဟိုဌာန (Community center) ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
အစီအစဉ်တွင်ပင်လောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးထွန်းလင်းက (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပင်လောင်းမြို့ Youth Club အဖွဲ့ ခေါင်းဆောင် ဒေါ်နေနေလှိုင်းယဉ်မှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ ဗြိတိသျှအစိုးရခေတ် ပညာရေး သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား/သူ၊ လူငယ်လူရွယ်များအား မမေ့လျော့စေရန်၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးစိတ်ဓာတ် ကိန်းအောင်းစေရန် နှင့် ထိန်းသိမ်းစောင့်ရှောင့်တတ်စေရန် အရေးကြီးပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)