ငါ့သရောက်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

ငါ့သရောက်  နိုဝင်ဘာ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအတွက်၊ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိရာ၊ ယနေ့ နံနက် (၉) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲအကြို ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို မြို့ပေါ်ရပ်ကွက် နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ နိုဝင်ဘာ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ ထုတ်ဝေခြင်းဖြစ်ရာ၊ အဆိုပါ လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား/‌ ကျောင်းသူလေးများ ထံ အခမဲ့ အရောက်ဖြန်ဝေပေးခြင်းဖြစ်ပြီး၊ လက်ကမ်းစာစောင်ငယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမျိုးသားအောင်ပွဲ နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများကို အများပြည်သူ ဖတ်ရှုလေ့လာ နိုင်စေရန် ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

အေးအေးမိုး(ငါ့သရောက်)