ညောင်တုန်းမြို့နယ်သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ Oxygen Concentrator နှင့် Oxygen Cylinder များပေးအပ်လှူဒါန်း

ညောင်တုန်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ် ကြက်ခြေနီအသင်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ Oxygen Concentrator နှင့် Oxygen Cylinder များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ဆေးရုံး အစည်းဝေးခန်မ၌ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးမှ အမှာစကားပြောခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မန်းကြည်ရွှင်က ပေးအပ် လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Oxygen Concentrator (၄) လုံးနှင့် Oxygen Cylinder (၄) လုံးတို့ကို တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မန်းကြည်ရွှင်မှ ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မန်းကြည်ရွှင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်