ဓနုဖြူမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဓနုဖြူ         နို၀င်ဘာ         ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့ပေါ်အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ ၂၀၂၁ ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ၊ အမျိုးသားပညာရေး၊ ဘုန်းရှင့်မြန်မာတို့ မြန်မာ၊ ပညာရေးကဏ္ဍသည်အရေးကြီး၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး ၊ အမျိုးသားအောင်ပွဲနေ့  စသည်များကို အသိပညာပေးဖော်ပြထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)