၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ပုဏ္ဏားကျွန်း ၊ နိုဝင်ဘာ ၂၅

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းလွန်းကျောင်း(မြို့သစ်)တို့ပူးပေါင်းပြီး၊ ၁၀၁ နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ကို ယနေ့၊ နေ့လည်(၁၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းတန်အောင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး၊ အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့သစ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသာထွန်းအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့်ပတ်သက်၍ အနာဂတ်မျိုးဆက်သစ်လူငယ်များ မြန်မာ့သမိုင်းတွင် မမေ့ပျောက်နိုင်သော ဂုဏ်ယူဖွယ် ရာ အမျိုးသားအောင်ပွဲနေ့ အရေးပါပုံ၏  သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် အသိပညာပေးလုပ်ငန်းများကို Online မှတဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိပြီး၊ အဆိုပါ Talk Show အပြည့်အစုံကို We Love Ponnagyun Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်းသိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)