လွိုင်လင်မြို့မစျေး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေး

လွိုင်လင်    နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မစျေးအတွင်း ယနေ့နံနက်၈နာရီအချိန်က မြို့မစျေး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးသတ်ရေပိုက်များ၊ မီးသတ်ရေငုတ်များ၊ ရေကန်များ၊ မီးချိတ်/မီးကပ်များထားရှိမှု၊ ဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ တပ်ဆင် ထားရှိမှုနှင့်ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊မြို့နယ်လျှပ်စစ်နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှစစ်ဆေးကြည့်ရှုခဲ့ကြသည်။

မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်အခြေအနေဖြစ်ပေါ်လာလျှင် မီးသတ်ရေပိုက်များအား ပက်ဖြန်းပြခြင်း၊မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်နည်းများအား အကြိုလေ့ကျင့် သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများမှ စျေးအတွင်း လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)