သတင်းများ

ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်
Nov 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း အမြန်ဆုံး လျှော့ချနိုင်ရေးအတွက် အသိပညာပေး Mask Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးကြီး၌ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Nov 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား  အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များ ရောင်းချမှုမရှိစေရန်ကွင်းဆင်းစစ်ဆေး
Nov 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တို့ပူးပေါင်း၍  ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုးသိန်းအားစားကွင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများနှင့် ကန်သုံးဆင့်ကန်ပတ်လမ်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
Nov 05,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့ လိုက်ပါလျက် ယမန်နေ့က ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းသို့ ရောက်ရှိ၍ ကိုးသိန်းအားကစားကွင်း မီတာ (၄၀၀) ပြေးလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ကိုးသိန်း အားကစားခန်းမ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ SL Oxygen Concentrator (၃) လုံးလှူဒါန်း
Nov 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် SL Oxygen Concentrator (၃)လုံးကို ယမန်နေ့ညနေပိုင်းတွင် သွားရောက် လှူဒါန်းသည်။
မန်တုံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန်တုံမြို့နယ်ဦးစီးဌာနမှ သွားလာရန်ခက်ခဲသော နန့်ဟိုင်း ကျေးရွာအုပ်စု၊ မိုင်းယုတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ယမန်နေ့က မြို့နယ်ရုံးသို့ဖိတ်ခေါ်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   ဆောင်ရွက်ပေးခဲ့ကြသည်။
ဟိုပန်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)  ဆက်လက်ထိုးနှံပေး
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍  အခြေခံပညာ အထက် တန်းကျောင်း၊ ပန်ကောက်နှင့် ရွှေဝါကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းခ (၂)ကျောင်း နှင့်  ကောင်းကော်ကျေးရွာရှိ   အခြေခံ ပညာအလယ်တန်းကျောင်းများရှိ စုရပ် (၄) နေရာတွင်  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး
Nov 05,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်ရေးများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီ က မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ရှိ စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။