ကျိုင်းတုံ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း အမြန်ဆုံး လျှော့ချနိုင်ရေးအတွက် အသိပညာပေး Mask Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးကြီး၌ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်တို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဝယ်ရောက်သူ များ၊ ဈေးရောင်းချသူများအား နှာခေါင်းစည်း Mask ၁၀၀၀၀ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်းများဖြန့်ဝေခြင်းနှင့် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ယခင်ထက်လျော့ကျလာသော်လည်း ဆက်လက်လျော့နည်း ကျဆင်းလာ စေရေးအတွက် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို တာဝန်ရှိသူများက တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)