ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ  နိုဝင်ဘာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်ရေးများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့နံနက် နာရီ က မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ရှိ စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များ က ကျောက်ဖြူမြို့ရှိ ရေခဲစက်ရုံနှင့် ရေသန့်စက်စက်ရုံများသို့ သွားရောက်ကာ ၎င်းစက်ရုံအတွင်း သွယ်တန်းထားရှိသော ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့နေမှု ရှိ/မရှိ၊ မီးသုံးစွဲမှု စနစ်တကျ ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများ ထားရှိမှု ရှိ/မရှိ၊  မီးသတ်ကတ်များ၊ မီးသတ်ခွင်း များနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား လိုက်နာကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး