သတင်းများ

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ ကျောဘုတ်စိုက်ပျိုးရေးခြံသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Aug 07,2021
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကျောဘုတ်စိုက်ပျိုးရေးခြံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း တိုင်းဘက်စုံမွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု
Aug 07,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိတို့သည် ယနေ့နံနက်(၈)နာရီက လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ရပ်ကွက်(၂)ရှိ သောက်သုံးရေကန်နှင့် ရပ်ကွက်(၁)ရှိပန်းခြံနှင့် မြို့တော်ခန်းမတည်ဆောက်မည့် နေရာအား သွားကြည့်ရှုရာ ခိုလမ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွာများနှင့်  ပြည်သူ (၁၇၈၃) ဦး  ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm)  ထိုးနှံပေးခဲ့ပြီးဖြစ်     
Aug 07,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးဆေးကို  ဩဂုတ်လ ၂ ရက်နေ့ မှ  ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းထိ  ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ  ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၁၇၈၃) ဦး လာရောက်ထိုးနှံခဲ့ကြကြောင်းသိရသည်။
မိုးမိတ်မြို့၌ ရဟန်းသံဃာများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် အချုပ်သားများအား Sinopharam Vaccine ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် အချုပ်သားများအား  ကိုဗစ်-၁၉ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမနှင့် မြို့နယ်ရဲစခန်းတို့၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးမြတ်ကျော် ရေဦးမြို့ ကိုဗစ်ကာကွယ်ဆေးထိုး နေမှုကြည့် ရှုအားပေးကျန်းမာရေးသုံးပစ္စည်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ အောက်ဆီဂျင်အိုးနှင့် ထောက်ပံ့ ငွေများပေးအပ် မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ တိုင်း ဒေသကြီးအဆင့် တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီက ရေဦးမျိုးသန့်ခြံ သို့ရောက်ရှိလာရာ ရေဦးမျိုးသန့်ခြံတာ၀န်ခံ ဦးတင်မောင်၀င်းက စပါးအခြောက်ခံစက်ရုံ တည် ဆောက်ထားရှိမှုနှင့် မျိုးသန့်ထုတ်လုပ်ရေးမိုးစပါးစိုက်ပျိုးထားရှိမှုအခြေများကို တင်ပြခဲ့သည်။
ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေး ဂိတ်တွင်ပိတ်ရက်မရှိ ကြပ်မတ်စစ်ဆေး
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်ဖွင်လှစ်ပြီး တာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ပိတ်ရက်မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပ
Aug 07,2021
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၉ နာရီက  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဇလွန်မြို့နယ်တွင် အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်တော့မည်
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အလှူရှင်များစုပေါင်းမတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယနေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ရောက်ရှိခဲ့ပြီး အောက်ဆီဂျင်စက် နေရာချထားမှုအား တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။