ပုသိမ် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့ လိုက်ပါလျက် ယမန်နေ့က ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းသို့ ရောက်ရှိ၍ ကိုးသိန်းအားကစားကွင်း မီတာ (၄၀၀) ပြေးလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ကိုးသိန်း အားကစားခန်းမ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ သွားရောက်ခဲ့ပြီး ပြတိုက်ရှိ ထူးချွန်ထင်ရှားဧရာဝတီတိုင်းသား အကျော်အမော်များ ပြခန်း၊ ၁၁ ရာစု ကုန်းဘောင်ခေတ်အသုံးအဆောင် ပစ္စည်းများ၊ ၁၄ ရာစု အင်းဝခေတ်အသုံး အဆောင်ပစ္စည်းများ၊ ၁၉ ရာစု ရတနာပုံခေတ် ဘုရားဆင်တုတော်များ ပြသထားမှုအား ကြည့်ရှုခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှူးမှ တိုင်းဒေသကြီးအတွင်းရှိ ကိုလိုနီခေတ်အဆောက်အဦးတည်ရှိမှု အခြေအနေများ၊ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သမိုင်းအချက်အလက်များ တိကျမှုရှိစေရန် အတွက် ခုနှစ်သက္ကရာဇ်များ ထည့်သွင်းဖော်ပြရန်၊ အဆောက်အဦများအတွက် ရှေးဟောင်းမှတ်တမ်းဓာတ်ပုံများ၊ ပန်းချီကားများ စုစည်းထားရှိရန်နှင့် ရှေးဟောင်းမှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်သာယာတွင် အများပြည်သူ အပန်းဖြေလမ်းလျှောက် နိုင်ရန်အတွက် ကန်ပတ်လမ်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်ဆက်)