ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ SL Oxygen Concentrator (၃) လုံးလှူဒါန်း

ပင်လောင်း နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် SL Oxygen Concentrator (၃)လုံးကို ယမန်နေ့ညနေပိုင်းတွင် သွားရောက် လှူဒါန်းသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပင်လောင်းမြို့နယ် ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ လှူဒါန်းသည့် SL Oxygen Concentrator (၃)လုံးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပင်လောင်းမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေး ကပေးအပ်လှူဒါန်းပြီး  ပေါင်းလောင်းတိုက်နယ်ဆေးရုံမှ ဒေါက်တာအောင်နိုင်ထွန်းက လက်ခံရယူခဲ့‌‌ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)